back

နေပြည်တော်ကောင်စီဥက္ကဋ္ဌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြား

May 11 • 5:24 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်ကောင်စီဥက္ကဋ္ဌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြား

နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္...

နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်-၂၂ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ယာယီစာသင်ဆောင်များ ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဇွန်လကျောင်းဖွင့်အမီ စာသင်ဆောင်၊ စာသင်ခန်းများ အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားရှိရေး၊ ယာယီစာသင်ဆောင်များအား ခိုင်ခံ့မှုရှိအောင် ဆောက်လုပ်ရေးနှင့် စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် သန့်ရှင်းသာယာရေးအား အလေးထားဆောင်ရွက်ကြရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားကာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

news-view-count-icon

19