back

ဗိုလ်တထောင် စေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပမည်

May 11 • 5:11 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဗိုလ်တထောင် စေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပမည်

ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဗိုလ်တထောင်စေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။(၅၄)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလ...

ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဗိုလ်တထောင်စေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။(၅၄)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကြီးကို စေတီတော်ရင်ပြင်၌ နံနက်(၆)နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်ပြီး သြဝါဒစရိယ ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပက ဘဏ္ဍာတော်ထိန်းအဖွဲ့များ၊ အလှူရှင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများက ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

22