back

ငလျင်ဒဏ်သင့်ဒေသများရှိဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံနှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများလှည့်လည်ရောင်းချပေးနေ

May 11 • 4:59 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ဒဏ်သင့်ဒေသများရှိဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံနှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများလှည့်လည်ရောင်းချပေးနေ

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များရှိ ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံနှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများ...

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များရှိ ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံနှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၄၁ ရက်မြောက် လှည့်လည်ရောင်းချပေးနေကြောင်း သိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယမာန်နေ့က ၄၁ ရက်မြောက်နေ့အဖြစ် ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

13