ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်(ကျန်းစု)ကုန်သည်များအသင်းတို့ပူးပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများကို မေ ၉ ရက်ကလှူဒါန်းပေးခဲ့ကြသည်။အဆိုပါ လူသုံးကုန်ပစ္စည်းများလှူဒါန်းပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ မိမိတို့ဝန်ကြီးဌာနရှိ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက်လိုအပ်လျက်ရှိသော လူသုံးကုန် ပစ္စည်းများလာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူး တင်သည်ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်(ကျန်းစု)ကုန်သည်များအသင်းက ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်း
May 11 • 4:57 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


