ယမန်နေ့မနက် ၁၀နာရီခန့်မှာ မိုးရေး မြို့ Kananveng ရပ်ကွက်အနီး လမ်းဘေးတစ်နေရာမှာ လူတစ်ယောက်အလောင်းတွေ့ရှိတာကြောင့် မိုးရေးမြို့ လူငယ်အဖွဲစည်းက သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ချင်းအမျိုးသားတစ်ယောက်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။မိုးရေးမြို့နဲ့အနီးအနားမှာ တမူးမြို့က ဆေးသမားအချို့ နေရာအနှံ ကျင်လည်နေကြပြီး သံတို၊ သံစ၊ ဗူးခွန်ကောက် ရောင်းစားပြီး ဆေးဖိုးရှာနေကြတယ်လို့ ဒေသခံများစီက သိရပါတယ်။



