ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်မြတ်ကြီးပေါ်တွင် မေလ ၁၁ ရက်ည ကဆုန်လပြည့် ဆီမီး ၉,၀၀၀ ကပ်လှူ ပူဇော်ပွဲတွင် ဘုရားဖူးလာ ရောက်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိပါတယ်။တာချီလိတ် ရွှေတိဂုံစေတီတာ်သို့ ရှမ်း၊ လားဟူ၊ ဗမာ၊ အာခါ၊ ပလောင် စသည့်လူမျိုးအများစုနှင့် တခြားတိုင်းရင်းသားများက ရွှေတိဂုံစေတီရင်ပြင်တော်တွင် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာ၊ ဆီမီးတို့ လှူဒါန်းပူဇော်ခြင်းနှင့် စတုဒီသာ လှူဒါန်း၍ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားခဲ့ကြောင်း သိရပါတယ်။



