စဥ့်ကိုင်မြို့နယ် တအုံသဲကျွန်း ဒုဋ္ဌဝတီမြစ်အတွင်း မေလ ၁၁ ရက် နေ့လည် ၁ နာရီ အချိန်ခန့်က ရေကစားရာမှ ရေနစ်ပျောက်ဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ် ကျား တစ်ဦးအား ကူညီ ရှာဖွေပေးပါရန် ကာယကံရှင် မိသားစုဝင်များမှ ဆက်သွယ် အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ Rescue Diver Team (Myanmar) အဖွဲ့ဝင်များထွက်ခွာကာ ပျောက်ဆုံးရုပ်အလောင်းအား ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ရှာဖွေမတွေ့ရှိခဲ့ပါ။



