အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရ၍ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား သုံးဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ပြစ်ဒဏ်ကျခံပြီး၍ ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား သုံးဦးကို အိန္ဒိယနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံမှတာဝန်ရှိသူများထံ မေလ ၇ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ဆိူသည်။မြန်မာနိုင်ငံသား သုံးဦးကို တမူးမြို့၊ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ်မှ တစ်ဆင့် ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြကြောင်း သိရသည်။



