back

ကန့်သတ်ချက်တွေကြောင့် ပြည်ပကို အလုပ်သမားစေလွှတ်မှု ၁၀ ဆလောက် လျော့ကျသွားပြီး တရားမဝင် သွားရောက်မှု ဆက်လက်မြင့်တက်နေ

May 11 • 12:36 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကန့်သတ်ချက်တွေကြောင့် ပြည်ပကို အလုပ်သမားစေလွှတ်မှု ၁၀ ဆလောက် လျော့ကျသွားပြီး တရားမဝင် သွားရောက်မှု ဆက်လက်မြင့်တက်နေ

စစ်မှုထမ်းဥပဒေပြဌာန်းပြီး အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်းအမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် ကန့်သတ်လိုက်ပြီးနောက်ပိုင်းကစ လက်ရှိအချိန်မှာ ပြည်ပကို တရားဝင်လမ်းက...

စစ်မှုထမ်းဥပဒေပြဌာန်းပြီး အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်းအမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် ကန့်သတ်လိုက်ပြီးနောက်ပိုင်းကစ လက်ရှိအချိန်မှာ ပြည်ပကို တရားဝင်လမ်းကြောင်းကနေ အလုပ်သမားစေလွှတ်နိုင်မှုမှာ အရင်ကထက် ၁၀ ဆလောက်အထိလျော့ကျသွားတယ်လို့သိရပါတယ်။ ယခင်ပုံမှန်အချိန်ကဆိုရင် ပြည်ပနိုင်ငံတွေကို မြန်မာလုပ်သားစေလွှတ်မှုမှာ တလကို လူဦးရေ ၃၀,၀၀၀ လောက်အထိ ရှိခဲ့ပြီး လက်ရှိမှာတော့ တလကိုအလုပ်သမားစေလွှတ်နိုင်မှုက ၃,၀၀၀ အောက်အထိကျဆင်းလာတယ်လို့သိရပါတယ်။ လက်ရှိမှာ ပြည်ပကို ထွက်ခွာပြီး အလုပ်သွားလုပ်ဖို့အတွက် EC စာချုပ်တွေချုပ်ဆိုပြီး စောင့်ဆိုင်းနေတဲ့ အလုပ်သမားတွေကို အကျုံးဝင် အသက်ကန့်သတ်ချက်မှ ဖြေလျှော့ပြီး ပြည်ပထွက်ခွာခွင့်ပြုပေးရေး အလုပ်သမားဝန်ကြီးဌာနကို MOEAF အပါ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီတွေပူးပေါင်းပြီး စာတင်ပြတောင်းဆိုထားတယ်လို့သိရပါတယ်လက်ရှိမှာ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်ဖိုအတွက် နှစ်နိုင်ငံသဘောတူစာချုပ်တွေချုပ်ဆိုထားပြီး ထွက်ခွာခွင့်မရတဲ့ မြန်မာလုပ်သားအရေအတွက် ၁၀,၀၀၀ ဝန်းကျင်လောက်ရှိနေတယ်လို့သိရပါတယ်။ 



news-view-count-icon

12