back

ကြက်သွန်နီဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်

May 11 • 12:32 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကြက်သွန်နီဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးငြိမ်ပြီး ကြက်သွန်ဖြူ(ကျူကုတ်) ဈေး အနည်းငယ်မြင့်တက်လျက်ရှိသည်။ကြက်သွန်နီ ရိုးရိုးသည်ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သ...

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးငြိမ်ပြီး ကြက်သွန်ဖြူ(ကျူကုတ်) ဈေး အနည်းငယ်မြင့်တက်လျက်ရှိသည်။ကြက်သွန်နီ ရိုးရိုးသည်ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၃ ရက်နေ့မှစ၍တစ်ပိဿာ ၂,၇၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး မြစ်သားကြက်သွန်နီမှာ တစ်ပိဿာလျင် ၃,၅၀၀ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိသည်။ကြက်သွန်ဖြူ(ကျူကုတ်)မှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာ လျှင် ၁,၀၀၀ကျပ် ဈေးမြင့်တက်နေခြင်းဖြစ်သည်။ယင်းအပြင် ဆန်ကြမ်းအမျိုးအစားဖြစ်သည့် အကယ်ဒမီ နွေဖြူသန့် ဆန်အမျိုးအစားမှာ ပြီးခဲ့သည့် သီတင်းပတ်မေလ ၃ ရက် နေ့က ဆန်တစ်အိတ်လျှင် ၇၆,၅၀၀ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၁၀ ရက်နေ့တွင် တစ်အိတ်လျှင် ၇၇,၀၀၀ကျပ်ဖြစ်သွားသည်။ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း ၅၀၀ ကျပ် ဈေးထပ်တက်သွားခြင်းဖြစ်သည်။



news-view-count-icon

15