back

သင်္ကြန်အပြီး ပြည်တွင်း ပင်လယ်ငါးစျေးမြင့်တက်လာ၍ အရောင်းအဝယ်နည်းလာ

May 11 • 10:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သင်္ကြန်အပြီး ပြည်တွင်း ပင်လယ်ငါးစျေးမြင့်တက်လာ၍ အရောင်းအဝယ်နည်းလာ

သင်္ကြန်ကာလအပြီး ဈေးကွက်အတွင်း၌ ပင်လယ်ငါးစျေးနှုန်းများ သိသိသာသာမြင့်တက်လာသည့် အတွက် စားသုံးသူများ အနေဖြင့် ဝယ်ယူစားသုံးမှုနည်းလာပြီး အရောင်းအ‌ဝယ်အေးနေကြောင်း သ...

သင်္ကြန်ကာလအပြီး ဈေးကွက်အတွင်း၌ ပင်လယ်ငါးစျေးနှုန်းများ သိသိသာသာမြင့်တက်လာသည့် အတွက် စားသုံးသူများ အနေဖြင့် ဝယ်ယူစားသုံးမှုနည်းလာပြီး အရောင်းအ‌ဝယ်အေးနေကြောင်း သားငါးရောင်းချသူ အချို့ထံမှ သိရသည်။ ရပ်ကွက်စျေးများတွင် သင်္ကြန်မတိုင်ခင်ကာလက ကကတစ်ငါး ၊ ကတ်ကူရန်ငါးနှင့် ငါးကွင်းရှပ်ငါးတို့မှာ တစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ် ဝန်းကျင်စျေးသာရှိခဲ့ရာမှ ယခုအခါ ၃၀,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည် ။ ထို့ပြင် လက်ကားဖြင့်ဝယ်ယူ၍ ရပ်ကွက်စျေးများတွင် ပြန်လည်ရောင်းချသည့် သားငါးရောင်းချသူများ သည် ငွေကြေး အရင်းအနှီးကြီးလာသည်နှင့် အရောင်းအဝယ်ကျဆင်းလာသည့် ပြဿနာများကို ရင်ဆိုင်နေကြရ ခြင်း ဖြစ်ကြောင်း သိရသည်။



news-view-count-icon

11