back

လီဗာပူးလ်နဲ့ အာဆင်နယ်ပွဲ မတိုင်ခင် အာဆင်နယ်နည်းပြ အာတီတာက အများကြီး ချီးကျူး ဂုဏ်ပြုခံထိုက်တဲ့ လီဗာပူးလ်နည်းပြလို့ စလော့ ဆို

May 11 • 10:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

လီဗာပူးလ်နဲ့ အာဆင်နယ်ပွဲ မတိုင်ခင် အာဆင်နယ်နည်းပြ အာတီတာက အများကြီး ချီးကျူး ဂုဏ်ပြုခံထိုက်တဲ့ လီဗာပူးလ်နည်းပြလို့ စလော့ ဆို

အန်ဖီးလ်ကွင်းမှာ ဂန်းနားတွေဆီက ဂုဏ်ပြုတန်းစီခံရမယ့် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ နည်းပြ စလော့က လူတွေအနေနဲ့ အာတီတာ ၂၀၂၀ ပြည့်နှစ် FA Cup ရရှိပြီးနော...

အန်ဖီးလ်ကွင်းမှာ ဂန်းနားတွေဆီက ဂုဏ်ပြုတန်းစီခံရမယ့် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ နည်းပြ စလော့က လူတွေအနေနဲ့ အာတီတာ ၂၀၂၀ ပြည့်နှစ် FA Cup ရရှိပြီးနောက်ပိုင်း ဖလားမရသေးတဲ့အချက်ကို ကျော်လွန်ပြီး ကြည့်စေချင်တယ်လို့ ဆိုပါတယ်။“မီခယ်လ်ဟာ သူ့အသင်း ကစားပုံအတွက် ကျွန်တော့်အမြင်အရဆိုရင် အများကြီး ချီးကျူးခံသင့်ပါတယ်။အာဆင်နယ်ဟာ ကစားဟန်ပုံစံအားလုံးနီးပါး ကစားနိုင်ပါတယ်။ ကစားဟန်တစ်မျိုးတည်း ပိုင်ဆိုင်ထားတာတောင် ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ဒါပေမဲ့ မီခယ်လ်ရဲ့အသင်းဟာ ကွဲပြားခြားနားတဲ့ ကစားဟန်တွေကို ကစားနိုင်စွမ်းရှိတယ်။ ပီအက်စ်ဂျီနဲ့ နှစ်ပွဲမှာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ သူတို့ဟာ အလွတ်တည်ကန်ဘောတွေကနေ ကစားနိုင်တယ်။”လို့ စလော့က ပြောကြားခဲ့ပါတယ်။

news-view-count-icon

18