ယူကရိန်းစစ်ပွဲကို ထောက်ခံအားပေးခြင်းအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရုရှားမှာ မြောက်ကိုရီးယား၏ တပ်ဖွဲ့ဝင်များ ချထားခြင်းဟာ တရားမျှတကြောင်းပြောခဲ့ကာ စစ်ပွဲတွင် ၎င်း၏နိုင်ငံပါဝင်မှုကို ခုခံကာကွယ်ခဲ့ကြောင်း ပြောကြားသည်။ကင်ဂျုံအန်းသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ စစ်ရှုံးနိမ့်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုံယမ်းရှိ ရုရှားသံရုံးသို့ သွားရောက်စဉ် မိန့်ခွန်းပြောကြားခဲ့သည်။ ရုရှားနှင့် ပြီးခဲ့သောနှစ်က ချုပ်ဆိုခဲ့သော နှစ်ဖက်ကာကွယ်ရေးသဘောတူစာချုပ်ကို ကိုးကား၍ ကင်ဂျုံအန်းက ရုရှားနိုင်ငံ၏ ကာရှ့် ဒေသ လွတ်မြောက်စေရန် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားတပ်ဖွဲ့များ စေလွှတ်ဖို့ အမိန့်ထုတ်ခဲ့ကြောင်း ပြောခဲ့သည်။
May 11 • 9:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


