မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့တွင် မေလ(၈)ရက်နေ့ က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌမှ ပေးပို့သော သဝဏ်လွှာကို တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဒေါက်တာသိန်းထွန်းဆောင်က ဖတ်ကြားခဲ့ပြီးအသက်(၆၅)နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လုပ်သက်နှစ်(၃၀)နှင့်လုပ်သက်(၁၅)နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။



