back

ထိုင်းနိုင်ငံတွင်၄ ရက်အတွင်း ကိုဗစ် - ၁၉ ကူးစက်မှု ၇ထောင်ကျော်အထိ မြင့်တက်လာပြီး မိုးဦးကျကျောင်းဖွင့်ချိန် အထူးသတိပြုကာကွယ်ရန် ထိုင်း DDC တိုက်တွန်း

May 11 • 8:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင်၄ ရက်အတွင်း ကိုဗစ် - ၁၉ ကူးစက်မှု ၇ထောင်ကျော်အထိ မြင့်တက်လာပြီး မိုးဦးကျကျောင်းဖွင့်ချိန် အထူးသတိပြုကာကွယ်ရန် ထိုင်း DDC တိုက်တွန်း

ထိုင်းနိုင်ငံတွင် မေ ၄ ရက်မှ ၈ ရက်အတွင်းမှာပင် ကူးစက်မှု ၇,၀၁၃ ဦးအထိ ကူးစက်မှုဆတိုးပွားများလာသဖြင့် မိုးဦးကျကျောင်းဖွင့်ချိန် အထူးသတိပြုကာကွယ်ကြရန် ထိုင်းရောဂါထ...

ထိုင်းနိုင်ငံတွင် မေ ၄ ရက်မှ ၈ ရက်အတွင်းမှာပင် ကူးစက်မှု ၇,၀၁၃ ဦးအထိ ကူးစက်မှုဆတိုးပွားများလာသဖြင့် မိုးဦးကျကျောင်းဖွင့်ချိန် အထူးသတိပြုကာကွယ်ကြရန် ထိုင်းရောဂါထိန်းချုပ်ရေးဌာန DDC က မေ ၉ ရက်တွင် သတိပေးထုတ်ပြန်သလို

၂၀၂၅ ခုနှစ်အတွင်း ကိုဗစ် - ၁၉ ကူးစက်ပြန့်ပွားမှု စိုးရိမ်ဖွယ်ရာ ပြန်လည်မြင့်တက်လာပြီး ဇန်နဝါရီ ၁ ရက်မှ မေ ၈ ရက်အထိ ၄၁၁၉၇ ဦး ရောဂါပိုးတွေ့ရှိကာ ၁၅ ဦးသေဆုံးကြောင်း၊ မေ ၄ ရက်မှ ၈ ရက်အတွင်း ကူးစက်ခံရမှု ၇၀၁၃ ခုတွင် အများဆုံး ကူးစက်ခံရသည့် သက်တမ်းအလိုက်အုပ်စုမှာ မွေးစမှ ၄ နှစ်အရွယ်အုပ်စုတွင်ဖြစ်ကာ ၎င်းနောက် ၃၀ မှ ၃၉ နှစ်၊ ၂၀ မှ ၂၉ နှစ်ကြား အုပ်စုတွင် ကူးစက်မှု အစဉ်လိုက်အများဆုံးဖြစ်ကာဇန်နဝါရီ ၁ ရက်မှ မေလ ၈ ရက်အတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၃၂၂,၉၉၁ မှုရှိပြီး သေဆုံးသူ ၄၃ ဦးရှိကာ လူတစ်သိန်းလျှင် ၄၉၇ ဒသမ ၅၈ ဦးနှုန်း ဖျားနာမှုဖြစ်ပွားခဲ့ပါတယ်။ဆုန်ကရန် သင်္ကြန်ကာလအတွင်း လူစုလူဝေးများခဲ့သဖြင့် ကိုဗစ် - ၁၉ ကူးစက်မှု မြင့်မားခဲ့သေးသော်လည်း ပြန်လည်ကျဆင်း သွားပြီး ကျဆင်းမှုမှာ ရည်မှန်းထားသည့် ၅ နှစ်စီမံကိန်းလျာထားချက်ထက် များစွာပိုနေသေးသည်ဟု DDC က ဆိုကာကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ရာသီအကူးအပြောင်းကာလဖြစ်သောကြောင့် ကျရောက်လာတော့မည့် မိုးဦးကျချိန်၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်အချိန်တွင် ကပ်ဘေး ပမာဏအထိ ဆိုးရွားစွာ ကူးစက်မည်ကို စိုးရိမ်ရကြောင်း၊ ထို့ကြောင့် ထိုကာလများတွင် နေအိမ်များ၌ သက်ကြီး ထိရှလွယ် အသက်အရွယ်အုပ်စု၊ ရောဂါရှိသူအုပ်စုများထံ မကူးစက်စေရေး အထူးသတိပြု ကာကွယ်ရန်လိုအပ်ကြောင်း DDC မှ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။



news-view-count-icon

18