မြန်မာတစ်နိုင်ငံလုံးရှိ သက်ကြီးရွယ်အိုများထောက်ပံ့ပေးရေးအတွက် အသက် ၈၅ နှစ်ပြည့်ပြီးသူပုဂ္ဂိုလ်များ အနေဖြင့်လူမှုရေးပင်စင်ထုတ်ရန်အပါအဝင် ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်း၏အသက် ၂ နှစ်အောက် ကလေးများထောက်ပံ့ငွေရရန်အတွက် မေ ၃၁ ရက်နေ့နောက်ဆုံးထားပြီးစာရင်းပေးရမည်ဖြစ်ကြောင်း သိရပါတယ်။ယခုနှစ်အစပိုင်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍနှစ် ဘတ်ဂျက်ဖြင့်ထောက်ပံ့ပေးမည်ဟု ပြောကြားပြီးနောက် ယခု မေလတွင် စာရင်းတောင်းယူခြင်းဖြစ်ပြီး အဆိုပါစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (သို့မဟုတ်) နီးစပ်ရာလူမှုဝန်ထမ်းရုံးများတွင် စာရင်းပေးရမည် ဖြစ်ကြောင်း သိရပါတယ် ။
မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၈၅ နှစ်ကျော် သက်ကြီးရွယ်အိုများ၊ တိုင်းနှင့်ပြည်နယ် ၅ ခုရှိ ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက်ကလေးများ ထောက်ပံ့ငွေရရန် မေလကုန် နောက်ဆုံးစာရင်း သွင်းရမည်
May 11 • 8:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


