သရုပ်ဆောင် မင်းညီကတစ်လင်တစ်မယားဥပဒေဖြင့် ဇနီးဟောင်းဆီမှ အမှုဖွင့်ခံလိုက်ရပြီး အဖြစ်မှန်အားလုံးကို ဖွင့်ချလာ

May 11 • 5:29 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သရုပ်ဆောင် မင်းညီကတစ်လင်တစ်မယားဥပဒေဖြင့် ဇနီးဟောင်းဆီမှ အမှုဖွင့်ခံလိုက်ရပြီး အဖြစ်မှန်အားလုံးကို ဖွင့်ချလာ

သရုပ်ဆောင် မင်းညီကို ဇနီးဟောင်းဖြစ်သူ မားဆုဟု အများခေါ်ဝေါ်သည့် အမျိုးသမီးမှ တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ပါတယ်။မင်းညီက ဒီကနေ့ မနက်ပိုင်းမှာပဲ ဇ...

သရုပ်ဆောင် မင်းညီကို ဇနီးဟောင်းဖြစ်သူ မားဆုဟု အများခေါ်ဝေါ်သည့် အမျိုးသမီးမှ တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ပါတယ်။မင်းညီက ဒီကနေ့ မနက်ပိုင်းမှာပဲ ဇနီးဟောင်းနှင့် သူ၏ အိမ်ထောင်ရေးပြဿနာများကို အများသိစေရန် ဖွင့်ချလာခဲ့ပါတယ်။ သားသမီး ၃ ဦးထွန်းကားပြီးနောက် ၂၀၂၃ ခုနှစ်တွင် တရားဝင်ကွာရှင်းခဲ့ပြီးပိုင်ဆိုင်မှုအားခွဲဝေ၍ မှော်ဘီတွင် နောက်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ မင်းညီက ပြောပါတယ်။ သူတို့နှစ်ဦး အဆင်မပြေဖြစ်လို့ ၁၈.၁.၂၀၂၄ ခုနှစ်မှာ သားသမီး ၃ ဦးနဲ့ ပြန်လည်နေထိုင်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် လူမှုရေးအရပြန်လည် လက်ခံခဲ့ပြီး ၁၆.၁၂.၂၀၂၄ ခုနှစ်တွင် အဆိုပါ နှစ်ဦး ပြန်လည်အဆက်အသွယ်ရကာ နေအိမ်မှထွက်သွားပြီး မန္တလေးတွင် ပြန်လည်ပေါင်းသင်းနေထိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ထိုအချိန်မှ မင်းညီသည် သားသမီး ၃ ယောက်နှင့်အဆင်ပြေမည့် အမျိုးသမီးအား လက်ထပ်ထိမ်းမြားခဲ့တယ်လို့ ဆိုပါတယ်။ ထို့ကြောင့် ဇနီးဟောင်းဖြစ်သူ မားဆုမှ ထုံးတမ်းစဉ်လာအရ အိမ်တွင်ပြန်လာနေဖူးသဖြင့် သူမသာ အကြင်လင်မယားဖြစ်တာကြောင့် မင်းညီအား ပုဒ်မ ၁၃ ဖြင့်အမှုဖွင့်ခဲ့ပါတယ်။ အမှုပြန်လည်ရုပ်သိမ်းလိုပါက သားသမီး ၃ ဦးနှင့်အတူနေထိုင်နေသော ယခုလက်ရှိ အိမ်ကို လွှဲပြောင်းပေးရန် တောင်းဆိုထားတယ်လို့ သူတို့ရဲ့လူမှုရေးပြဿနာများကို ချပြလာခဲ့ပါတယ်။



news-view-count-icon

25