ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေလ ၁၀ ရက်နေ့
ယမန်နေ့ညပိုင်းက မိုးသည်းထန်နေချိန် မြန်မာနိုင်ငံသားစုံတွဲတစ်တွဲ ဆိုင်ကယ်မှောက်ပြီး ၂ ဦးစလုံးသေဆုံးသွားခဲ့ကာ ဘန်ကောက်မြို့ အနောက်မြောက်ဘက်၊ နော်သဘူရီခရိုင်တွင် အသက် ၃၈ နှစ်နှင့် အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စုံတွဲတစ်တွဲ လမ်းပေါ်တွင် သေဆုံးနေကြောင်း၊ ၎င်းတို့အနီးတွင် ဟွန်ဒါအမျိုးအစား မော်တော်ဆိုင်ကယ်ကိုလည်း တွေ့ရှိရပါတယ်။မျက်မြင်သက်သေတစ်ဦး၏ ကားပေါ်တွင် တပ်ဆင်ထားသော CCTV ကင်မရာ မှတ်တမ်းကို စစ်ဆေးရာ ဆိုင်ကယ်လဲသွားချိန် လင်မယား ၂ ဦးလုံးကို တစ်ဖက်လမ်းမှ လာသော ကားက တိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်မိသောကားမှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်မောင်းသွားကာမြန်မာလင်မယား ၂ ဦး သေဆုံးမှုကို သမီးဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပြီး အနီးပတ်ဝန်းကျင်မှ CCTV ကင်မရာစစ်ဆေးပြီး တိုက်သွားခဲ့သော ကားမောင်းသမားကို ရှာဖွေ မေးမြန်းမှာဖြစ်ပါတယ်။


