ယနေ့နံနက်ပိုင်းကရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ၆၇ ကြိမ်မြောက် ကျင်းပပြီး သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ နေပြည်တော်ကောင်စီ နယ်မြေမှတောင်သူ ၂၅ ဦး၊ zoon point ၁၀၀ မှ ပညာရှင်နှင့်တောင်သူ ၄၀၀ တို့က စိုက်ပျိုးရေး သုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် AI နည်းပညာအား အသုံးချခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပါတယ်။ယနေ့ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် တောင်သူများ၏ မိုဘိုင်းဖုန်းများတွင် ကျွမ်းကျင်သူ ပညာရှင်ဝန်ထမ်းများက လွယ်ကူသည့် AI များ တပ်ဆင်ပေးခြင်း၊ လက်တွေ့သုံးစွဲကြည့်စေခြင်းတို့ကို ဆောင်ရွက်ပေးပြီး AI အမျိုးမျိုး၏ အသုံးချ နိုင်မှုကို စမ်းသပ်သရုပ်ပြခဲ့ကြပါတယ်။
ပြည်တွင်းစိုက်ပျိုးရေးသုတေသနနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းစဉ်များတွင် AI နည်းပညာကို ထိရောက်စွာအသုံးချနေ
May 11 • 4:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


