ရန်ကုန်မြို့တွင် နောက်ပိုင်းအချိန်အတွင်း အုပ်စုဖွဲ့ကာ နေအိမ်ဖောက်ထွင်းမှုများ၊ လုယက်မှုများတွင် အမျိုးသမီးများပါဝင်မှု ပိုများလာသည်ဟု သိရှိရပြီး၊ အသက် ၂၀ ကျော်မှ ၃၀ ဝန်းကျင်အမျိုးသမီးများ ပါဝင်မှုများပြားကာ စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင်မရှိခြင်း၊ မူးယစ်ဆေးဝါးလုံးဝိုင်းကြောင့် ငွေရှာဖွေရေးအတွက် မသမာသည့်နည်းလမ်းများကို ရွေးချယ်လာကြခြင်းဖြစ်ကြောင်း မြို့ခံပြည်သူများနှင့် အမှုဖြစ်ရပ်များမှ သိရှိရသည်။



