သစ်ကြံပိုး အစားများမှုဟာ ကျန်းမာရေးအရ အကျိုးသက်ရောက်မှုရှိသော်လည်း အလွန်အကျွံစားပါက ဆေးဝါးအချို့ကို လူ့ခန္ဓာကိုယ်မှ စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးရှိလာနိုင်တယ်လို့ သုတေသီများက ပြောကြားပါတယ်။သစ်ကြံပိုး တွင်ပါဝင်သည့် Cinnamaldehyde ခေါ် ဓာတုပစ္စည်းတစ်မျိုးသည် ဆေးဝါးအချို့၏ အာနိသင်ကို ထိခိုက်စေနိုင်သော အင်ဇိုင်းများကို စေ့ဆော်ပေးနိုင်ဖွယ်ရှိတယ်လို့ ပညာရှင်များက သုံးသပ်ထားပြီး လေ့လာ တွေ့ရှိချက်အရ သစ်ကြံပိုး အလွန်အကျွံစားသုံးပါက လူ့ခန္ဓာကိုယ်ဟာ အချို့ဆေးဝါးများကို လျင်မြန်စွာရှင်းလင်းပစ်တတ်ပြီး ဆေးဝါး၏ အာနိသင်လည်း ကျဆင်းသွားတတ်ကာပြီးခဲ့သည့် နှစ်များအတွင်း ပုံစံ-၂ ဆီးချိုရောဂါလူနာများအကြား သစ်ကြံပိုး ဖြည့်စွက်ဆေး စားသုံးမှုမြင့်လာပေမယ့် သစ်ကြံပိုးအစားများမှုနှင့် လူ့ခန္ဓာကိုယ်၏ ဆေးဝါးအချို့အပေါ် တုံ့ပြန်ပုံတို့ကြား မည်သို့ ဆက်စပ်နေသည်ကို ဖော်ထုတ်ရန် သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ရန်လိုကြောင်းလည်း သုတေသီများက ပြောကြားထားပါတယ်။



