back

ချင်းပြည်နယ်မှာ အိမ်သုံးဆားတွေ ရှားပါးသလို ကုန်ကားတွေမရှိတာကြောင့်ဆားများပြတ်လပ်နေ

May 11 • 3:36 AM

breaking-news

မြန်မာ

ချင်း

breaking-news
cover

ချင်းပြည်နယ်မှာ အိမ်သုံးဆားတွေ ရှားပါးသလို ကုန်ကားတွေမရှိတာကြောင့်ဆားများပြတ်လပ်နေ

ချင်းပြည်နယ်ထဲက မြို့ရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာက စလို့ နေအိမ်သုံးဟင်းခပ်ဆားတွေ ပြတ်လပ်နေပြီး ၀ယ်ယူမရဖြစ်နေတာကြောင့် ဆားစျေးတွေ အဆမတန် မ...

ချင်းပြည်နယ်ထဲက မြို့ရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာက စလို့ နေအိမ်သုံးဟင်းခပ်ဆားတွေ ပြတ်လပ်နေပြီး ၀ယ်ယူမရဖြစ်နေတာကြောင့် ဆားစျေးတွေ အဆမတန် မြင့်တက်လာနေတယ်လို့ တီးတိန်မြို့ခံ တွေဆီက သိရပါတယ် ။ချင်းပြည်နယ်မှာ ဆားတွေ အဆတန်မြင့်တက်လာတာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ ချင်းပြည်နယ်ထဲကို ပခုက္ကူ ၊ ဂန့်ဂေါ ၊ ကလေး ၊ စတဲ့ မြို့တွေအပြင် တခြားမြို့က ကုန်ကားတွေ ရောက်တာမရှိတာကြောင့် အခုလို ချင်းပြည်နယ်မှာ ဆားပြတ်လပ်မှုတွေ ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာ လတ်တလော ဆားခက်ခဲတဲ့ မြို့ရွာ ကျေးလက်တွေကတော့ ဟားခါး ၊ ဖလမ်း ၊ ထန်တလန် ၊ တီးတိန် ၊ တွန်းဇံ ၊ကျီခါး ၊မင်းတပ် မတူပီ စတဲ့မြို့တွေဖြစ်ပါတယ်။ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ကန် ၊ မွေ့လယ် ၊ နှမ်းခါး ၊ ရေရှင် ၊ တောင်ခရမ်း ၊ရွှေဘို သင်တော၊ မြောက်ခရမ်း ၊ ကုက္ကား ၊ဟံသာ၀တီ စတဲ့ ကျေးရွာတွေဘက်မှာလည်း ဆားရှားပါးတာ ဖြစ်ပေါ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။




news-view-count-icon

21