ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်သို့ အဖြစ်ပေါ်လာနိုင်ခြေရှိသည်။ အနောက်တောင်မုတ်သုံလေသည် မေလ ၁၂ ရက်မှ ၂၄ ရက်အတွင်း တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် အလယ်ပိုင်းဒေသများသို့ အဆင့်ဆင့်ဝင်ရောက်နိုင်ပြီး၊ အားအသင့်အတင့်မှ အားကောင်းအထိရှိမည်ဟု ခန့်မှန်းထားသည်။အများစုဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ပြီး၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် များပြည်နယ်အချို့တွင် မိုးအတော်များစွာရနိုင်သည်။ ပျမ်းမျှနေ့အပူချိန်သည် ပုံမှန်အတိုင်းရှိမည်ဖြစ်သည်။မြစ်ရေအနေအထားအနေနှင့် ဧရာဝတီ၊ ချင်းတွင်း၊ မြစ်သာ၊ ဒုဋ္ဌဝတီ၊ စစ်တောင်းအပါအဝင် မြစ်ကြီးတစ်ချို့တွင် ရေမျှင်များ ပေတစ်ပေမှ ခုနစ်ပေအထိ မြင့်တက်လာနိုင်ပြီး သတိပြုရမည့်အခြေအနေဖြစ်နေသည်။



