Huawei Technologies သည် Microsoft နှင့် သဘောတူစာချုပ် မတ်လတွင် သက်တမ်းကုန်ဆုံးခဲ့ပြီး အမေရိကန် အစိုးရ ပိတ်ဆို့အရေးယူထားသဖြင့် သက်တမ်းတိုးမရတော့ချေ။ သို့ဖြစ်ရာ ကုမ္ပဏီပိုင် လည်ပတ်စနစ် ဖြစ်သည့် HarmonyOS operating system ဖြင့် တကိုယ်ရည်သုံး ကွန်ပျူတာ personal computer PC ကို ထုတ်လုပ်သွားမည်။HarmonyOS လည်ပတ်စနစ် သုံးစွဲသည့် ပထမဆုံး PC ကို မေလ ၁၉ ရက်တွင် စတင်ရောင်းချမည်။ဟွာဝေးသည် HarmonyOS ကို စမတ်ဖုန်းနှင့် တက်ဘလက်တို့တွင် သုံးစွဲနေပြီဖြစ်ပြီး Pc တွင် စတင်သုံးစွဲမည် ဖြစ်သည်။ဟွာဝေး၏ အဆိုအရ HarmonyOS လည်ပတ်စနစ်ကို အင်ဂျင်နီယာအင်အား တသောင်းကျော်ဖြင့် ၅ နှစ်တိုင်တိုင် ဖန်တီးခဲ့ရသည်။
May 11 • 2:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


