back

အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲရန်သဘောတူ

May 11 • 2:29 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲရန်သဘောတူ

လေးရက်မြောက် အပြန်အလှန်တိုက်ခိုက်မှုတွေအပြီးမှာ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အပြည့်အဝနှင့် ချက်ခြင်း အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပြီလို့ အမေရိကန်သမ္မတ ဒ...

လေးရက်မြောက် အပြန်အလှန်တိုက်ခိုက်မှုတွေအပြီးမှာ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အပြည့်အဝနှင့် ချက်ခြင်း အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။နှစ်နိုင်ငံ ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါ တယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယစံတော်ချိန်ညနေ (၅)နာရီကစပြီး အပစ်အခတ် ချက်ခြင်းရပ်ကြမယ်လို့ပြောပါတယ်။“ အမေရိကန်ပြည်ထောင်စုရဲ့ တစ်ညတာ ကြားဝင်စေ့စပ်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြည့်အဝ နှင့်ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူလိုက်ကြပါပြီ။ နှစ်နိုင်ငံစလုံးရဲ့ လက်တွေ့ကျတဲ့အသိနှင့် ဉာဏ်ရည်မြင့် မားမှုတို့ကို ကျွန်တော်ဂုဏ်ပြုပါတယ်လို့ ထရမ့်က အိတ်စ်မှာ ပို့စ်ရေးသားပါတယ်။

news-view-count-icon

17