back

ရန်ကုန်ဆင်ခြေဖုံး၌ငှားသူများလာ၍ လိုင်းခန်းသဖွယ်တိုက်ခန်းတွဲများ တိုးချဲ့တည်ဆောက်မှုများရှိလာ

May 10 • 4:34 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ဆင်ခြေဖုံး၌ငှားသူများလာ၍ လိုင်းခန်းသဖွယ်တိုက်ခန်းတွဲများ တိုးချဲ့တည်ဆောက်မှုများရှိလာ

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များတွင် လိုင်းခန်းသဖွယ်တည်ဆောက်ထားကြသည့် တိုက်ခန်းတွဲများ၌ ငှားရမ်း နေထိုင်သူများလာခဲ့ပြီး ပိုင်ရှင်များမှာလည်း စျေးကွက်လိုအပ်ချက...

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များတွင် လိုင်းခန်းသဖွယ်တည်ဆောက်ထားကြသည့် တိုက်ခန်းတွဲများ၌ ငှားရမ်း နေထိုင်သူများလာခဲ့ပြီး ပိုင်ရှင်များမှာလည်း စျေးကွက်လိုအပ်ချက်အရ ထပ်မံတိုးချဲ့ဆောက်လုပ်မှုများကို ပြုလုပ် လာကြကြောင်း သိရသည်။“သူက အဆောင်လိုလို လိုင်းခန်းလိုလို ဆောက်ထားတာ၊ ရေချိုးခန်း၊ အိမ်သာ ပါတဲ့ဟာမျိုးရှိသလို ရေချိုးခန်းအိမ်သာ ဘုံသုံးရတဲ့ဟာမျိုးလည်းရှိတယ်၊ သူကအထပ်မြင့်တိုက်ခန်းမျိုးတော့မဟုတ်ဘူး၊ မြေတစ် ကွက်ပေါ်မှာ အဲဒီလို အခန်းတွေ ဆောက်လိုက်တော့ အခန်းများများလည်းရတယ်၊ ပိုင်ရှင်အတွက်လည်းကိုက်တဲ့ အပြင် ငှားချင်တဲ့သူ တွေလည်း အရမ်းများတော့အလုပ်ဖြစ်လာတယ်”ဟုလည်း ရန်ကုန်မြို့စွန် ရပ်ကွက်တစ်ခု တွင် နေထိုင်သူတစ်ဦး က ရှင်းပြသည်။

news-view-count-icon

24