ယခုနောက်ပိုင်း လူငယ်များကြားတွင် ရေပန်းစားလာသည့် လက်မောင်းလှဲကစားနည်းကို ယောကျ်ား လေးများအပြင် မိန်းကလေးများလည်း ပိုမိုစိတ်ဝင်စားလာကြောင်း လက်မောင်းလှဲ ကစားသူများထံမှ သိရသည်။ရန်ကုန်မြို့တွင် လက်မောင်းလှဲကစားနည်းပြိုင်ပွဲများကို ခပ်စိပ်စိပ်ကျင်းပလာသလို အဆိုပါပြိုင်ပွဲများ၌ အမျိုး သမီးများလည်း ပါဝင်ယှဉ်ပြိုင်သူ ပိုများလာနေခြင်းဖြစ်ကြောင်း သိရသည်။
လက်မောင်းလှဲ ကစားနည်းတွင် ဆိုးကျိုးအနေနှင့်လက်မောင်းအဆစ်ပြုတ်ခြင်း၊ လက်ကျိုးခြင်း၊ လက်အရွတ် များယောင်ခြင်း အစရှိသည့် ဆိုးကျိုးများ ကြုံတွေ့နိုင်ခြင်းကြောင့် လက်မောင်းလှဲဝါသနာပါသူများ အနေဖြင့် နည်းစနစ်ကျကျ လေ့ကျင်သင်ယူရန် လိုအပ်ကြောင်း လက်မောင်းလှဲပညာရှင်များ သတိပေးထားသည်။