ယနေ့ညနေ မြန်မာစံတော်ချိန် ၆:၅၉ နာရီအချိန်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှအရှေ့တောင်ဘက်ပိုင်း၊ လင်းခေးမြို့အရှေ့ဘက် ၁၄ မိုင်ခန့်၊ မိုင်းပန်အနောက်ဘက် ၁၀ မိုင်ခန့်အကွာ တောင်တန်းမြေအောက်အနက် ၄.၃ မိုင်မှ မဂ္ဂနီကျု ၄.၀ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားပါသည်။



