ယနေ့ မေ (၁၀) ရက်တွင် သီတဂူဆရာတော်ဘုရားကြီးသည်ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ မရှိခဏဘုရားကြီးကို မူလစေတီအတိုင်း ပြန်တည်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မရှိခဏဘုရားကြီး ရှင်းလင်းနေမှုမှာ မူလစေတီဟောင်းနေရာသို့ ရောက်ရှိနေပြီ ဖြစ်ကာ မရှိခဏဘုရား၏ မူလစေတီဟောင်း အကြောင်းကို တမ္ပ၀တီ ဦးဝင်းမောင်မှ ရှင်းလင်းလျှောက်ထားတော်မူခဲ့ကြောင်းလည်း သိရသည်။



