မြန်မာ့ပင်လယ်ပြင်မှရရှိသည့် တို-က်ဂါးပုစွန်နှင့် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ်လျက်ရှိသည့် ပနားမီးပုစွန်ဖြူတို့ကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ပင်လယ်ပြင်မှဖမ်းဆီးရရှိသည့် အနီရောင်တို-က်ဂါးပုစွန်ကို ပြည်ပ (၄) နိုင်ငံသို့ တင်ပို့လျက်ရှိကာ မြိတ်ကျွန်းစုတွင်မွေးမြူသည့် ပနားမီးပုစွန်ဖြူအား တရုတ်နိုင်ငံသို့ အဓိကတင်ပိုလျက်ရှိကြောင်း သိရသည်။၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုစွန် (၉၁၄၆ ဒသမ ၆၁၅) မက်ထရစ်တန် တင်ပိုနိုင်ခဲ့ပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရာသီပိတ်သိမ်းမည့် မေလ (၁) ရက်မတိုင်မီ ငါးဖမ်းစက်လှေများဖြင့် ရန်ကုန်မြို့ရှိ စံပြငါးဈေး၊ ရွှေပိတောက်ငါးဈေးနှင့် အခြားသော ဆိပ်ကမ်းများသို့
ရေငန်ပုစွန်နှင့် ပင်လယ်ငါးမျိုးစုံဝင်ရောက်ခဲ့သည်။



