၁၀.၅.၂၀၂၅ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကန်အောက်ရပ်ကွက်၊ ရွှေကျေးလမ်းတွင် သစ်ပင်လဲကျခြင်းနှင့် သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ် လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခြင်းတို့အား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။



