သွေးလွန်တုပ်ကွေးဖြစ်နေသည့် ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်မှ အသက် ၆ နှစ်အရွယ် မိန်းကလေးမှာ ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း မေလ ၉ ရက်နေ့ ညက သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ယင်းအပြင် ပုဂ္ဂလိ ဆေးရုံနှင့် အစိုးရဆေးရုံများတွင်လည်း ဖျားနာရောဂါ လက္ခဏာအပြင် သွေးလွန်တုပ်ကွေး လက္ခဏာတွေ့ရှိသည့် လူနာများရှိနေကြောင်း ဆေးရုံ နှင့်နီးစပ်သူများထံမှစုံစမ်းသိရှိရသည်။သွေးလွန်တုပ်ကွေးရောဂါသည် Aedes ခြင်မျိုးမှ သယ်ဆောင်သည့် Dengue Virus ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါပြင်းထန်ပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်၍ မိုးကြိုကာလနှင့် မိုးရာသီ အစပိုင်းများတွင် ပိုမိုသတိထား ကာကွယ်ရန်လိုအပ်သည်။



