back

ရှမ်းပြည်နယ်တွင် တရားမဝင်ကုန်စည်များကို ၂ ရက်အတွင်း ကျပ်သိန်းလေးသောင်းနီးပါး ဖမ်းဆီး

May 10 • 12:45 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တွင် တရားမဝင်ကုန်စည်များကို ၂ ရက်အတွင်း ကျပ်သိန်းလေးသောင်းနီးပါး ဖမ်းဆီး

ရှမ်းပြည်နယ်၊ တာချီလိတ်မှ တောင်ကြီးသို့ မောင်းနှင်လာသည့် ယာဉ် ၁၁ စီးပေါ်မှ ကျပ်သိန်းငါးထောင် နီးပါး တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို မေ ၂ ရက်နေ့တွင် ဖမ်းဆီ...

ရှမ်းပြည်နယ်၊ တာချီလိတ်မှ တောင်ကြီးသို့ မောင်းနှင်လာသည့် ယာဉ် ၁၁ စီးပေါ်မှ ကျပ်သိန်းငါးထောင် နီးပါး တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို မေ ၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဧပြီလ ၃၀ ရက် နှင့် မေလ ၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ ၆၄ မှု ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း သုံးသောင်းကိုးထောင်ရှစ်ရာ့ငါးဆယ်ကျော် ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာ သည့် ယာဉ် ၁၁ စီးကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးရာမှ  တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၁ မျိုး၊ လုပ်ငန်းသုံးပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်း ငါးမျိုး ခန့်မှန်တန်းဖိုးငွေကျပ် သိန်းငါးထောင်နီးပါး တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။  



news-view-count-icon

14