အာတီတာက ဟာကီမီဟာ ပထမအကျော့ကတည်းက ပွဲပယ်ပြစ်ဒဏ်ထိသင့်ပြီး ဒီဒုတိယအကျော့ပွဲကို လွဲချော်သင့်တယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ မော်ရိုကိုလက်ရွေးစင် ဟာကီမီဟာ ပထမအကျော့ပွဲစဉ်ပြီးခါနီးမှာ အာဆင်နယ် တိုက်စစ်ကစားသမား ဂါဘရီရယ် မာတင်နယ်လီကို ပြစ်ဒဏ်ကျူးလွန်ခဲ့ချိန်မှာ အဝါကတ်တစ်ကတ် ပြပြီးသား ဖြစ်ပေမယ့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရခြင်းကနေ ကင်းလွတ်ခဲ့ပါတယ်။အာတီတာက “ကျွန်တော်တို့နဲ့ ပထမအကျော့ ကစားတုန်းကဆိုရင် ဟာကီမီက နောက်ဆုံး(၁၀)မိနစ်မှာ လုံးဝ ကွင်းထဲမှာ မရှိသင့်တော့ပါဘူး။ ဒါကြောင့် သူ ဒုတိယအကျော့မှာ လုံးဝကစားခွင့်မရသင့်သလို ဂိုးလည်း မသွင်းသင့်ပါဘူး။ ဒါပေမဲ့ ဘောလုံးမှာ တိုက်ဆိုင်မှုပေါင်းစုံ ဖြစ်တတ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဟာကီမီက ပကျော့ပွဲမှာကတည်းက ထုတ်ပယ်ခံရသင့်ပြီး ဒုကျော့ပွဲကိုလည်း လွဲချော်ခဲ့သင့်တယ်လို့ အာဆင်နယ်နည်းပြအာတီတာ ဆို
May 10 • 11:11 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


