အမေရိကန် ထိပ်တန်း သံတမန် မာကို ရူဘီယိုသည် ပါကစ္စတန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာဆင် မူနီယာနှင့် ယနေ့ (မေ ၁၀ ရက်) တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စတန်ကြား တင်းမာမှုများ လျှော့ချရန် တိုက်တွန်းခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာက ရူဘီယိုသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အမေရိကန်၏ ကတိကဝတ်များကို အတည်ပြုခဲ့ပြီး နှစ်နိုင်ငံစလုံးအား သည်းခံကြရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ထိပ်တန်း သံတမန် Rubio က ပါကစ္စတန် စစ်ဦးစီးချုပ်နှင့် ဆွေးနွေနေပြီးတင်းမာမှု လျှော့ချရန် တိုက်တွန်း
May 10 • 10:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


