ယခုနှစ်အင်းလေးဘုရားပွဲတော် ပြန်လည်ကျင်းပနိုင်ရန်အတွက် ငလျင်သင့် အင်းလေးဖောင်တော်ဦးဘုရားရင်ပြင်ကို အချိန်မီပြန်လည် ပြုပြင်နေကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုနယ်၊ အင်းလေးဒေသတွင် အင်အားပြင်း စစ်ကိုင်းငလျင်ကြီးဒဏ်သင့်ခဲ့သည့် အင်းလေးဖောင်တော်ဦးစေတီနှင့် အဆောက်အဦးများကို အင်းလေးဖောင်တော်ဦးပွဲတော်အမီ ပြုပြင်မှုများလုပ်ဆောင်လျက်ရှိပါတယ်။အင်းလေးကန် ၊ ဖောင်တော်ဦးဘုရား ရင်ပြင်တော် ပြုပြင်ခြင်းလုပ်ငန်း၊ ပင်မကျောင်းဆောင်တော် ပြင်ဆင်ခြင်း လုပ်ငန်းနှင့် ၊ ဖောင်တော်ဦးဘုရားကိန်းဝပ်ရာ စံကျောင်းတော်ကြီး တို့ကိုအားချင်း ပြင်ဆင်နေပြီး ၊ အင်္ဂတေတိုင်များဖြင့် ပြန်လည် ပြင်ဆင်တည်ဆောက်နေပါတယ်။၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် အင်အားပြင်းစစ်ကိုင်း ငလျင်ဒဏ်ကြောင့် အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တော်များကွဲအက်ခြင်း၊ ပင်မကျောင်းဆောင် အက်ကွဲခြင်းများ ဖြစ်ပေါ် သဖြင့် ဘုရားဖူးခွင့် ယာယီ ပိတ်သိမ်း၍ ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။



