back

ပန်းချီဆရာကြီးရွှေကျော်လင်း၏ ‘Echoes of Chindwin Valley "သလ္လာဝတီရဲ့ ပဲ့တင်သံ"’ပန်းချီပြပွဲကျင်းပမည်

May 10 • 8:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပန်းချီဆရာကြီးရွှေကျော်လင်း၏ ‘Echoes of Chindwin Valley "သလ္လာဝတီရဲ့ ပဲ့တင်သံ"’ပန်းချီပြပွဲကျင်းပမည်

The Royal Galleryကကြီးမှူးစီစဉ်ကျင်းပပေးတဲ့ ပန်းချီဆရာကြီးရွှေကျော်လင်းရဲ့(၄)ကြိမ်မြောက်တစ်ကိုယ်တော်ပြပွဲ ‘Echoes of Chindwin Valley "သလ္လာဝတီရဲ့ ပဲ့တင်သံ"’ပန...

The Royal Galleryကကြီးမှူးစီစဉ်ကျင်းပပေးတဲ့ ပန်းချီဆရာကြီးရွှေကျော်လင်းရဲ့(၄)ကြိမ်မြောက်တစ်ကိုယ်တော်ပြပွဲ ‘Echoes of Chindwin Valley "သလ္လာဝတီရဲ့ ပဲ့တင်သံ"’ပန်းချီပြပွဲကို မေလ(၁၂)၊(၁၃)၊(၁၄)ရက်တို့မှာ ပြသသွားဖို့ရှိ တယ်လို့သိရပါတယ်။ပန်းချီပြပွဲမှာ ချင်းတွင်းမြစ်ဝှမ်းက ပဲ့တင်သံတွေ၊ ရှေးဟောင်းစေတီတွေရဲ့တိုးညှင်းတဲ့အသံတွေ၊ အရောင်အသွေးစုံလင်တဲ့ ငှက်ကလေးတွေရဲ့ တစ်ကျည်ကျည် တစ်တုံတုံ အော်မြည်သံတွေနဲ့ပြည့်နေတဲ့ အေးငြိမ်းသာယာတဲ့ သီးသန့်ကမ္ဘာလေးတစ်ခုကို ဆရာရွှေကျော်လင်းက သူ့စုတ်ချက်တွေနဲ့ဖန်တီး တင်ဆက်ထားကာပြပွဲကို ဆရာရွှေကျော်လင်း သူရဲ့အသက် (၈၀)ပြည့်အထိမ်းအမှတ်အဖြစ်လည်းကျင်းပတာဖြစ်ပြီးအသက်(၈၀) အရွယ်အထိ ချင်းတွင်းရဲ့ပဲ့တင်သံတွေ၊ ရှေးဟောင်းစေတီတွေရဲ့ တိုးညှင်းတဲ့အသံတွေ၊ ပန်းတိမ်ဖိုငှက်ကလေးတွေရဲ တစ်တုံတုံ အော်မြည်သံတွေနဲ့ပြည့်နေတဲ့ သူ့ရဲ့ စတူဒီယိုထဲမှာ ဆက်လက် ရေးခြယ်နေဆဲဖြစ်ကာပန်းချီဆရာကြီးရွှေကျော်လင်း၏ ‘Echoes of Chindwin Valley "သလ္လာဝတီရဲ့ ပဲ့တင်သံ"’ပန်းချီပြပွဲကို မေလ(၁၂)၊(၁၃)၊(၁၄)ရက်မှာThe Governor’s Residence မှာကျင်းပသွားမှာဖြစ်ပြီး ပန်းချီဆရာကြီး ရွှေကျော်လင်းရဲ့ ပန်းချီကားစုစုပေါင်း(၃၆)ကားကိုပြသသွားမှာဖြစ်ပါတယ်။


news-view-count-icon

41