ပြိုင်ဘက်ကို လူကပ်တဲ့ နေရာမှာ နည်းပြမှာတဲ့အတိုင်း မလွတ်တမ်းလိုက်ကပ်နိုင်တဲ့ ဘောလုံးသမားလေး မောင်ဘုန်းမြတ်မင်းစိုး ကတော့ မျိုးဆက်သစ်လူငယ်ကစားသမား အမှတ်တရဆုကို ရရှိခဲ့ပြီးမောင်ဘုန်းမြတ်မင်းစိုးကတော့ အသက်-၄ နှစ်သာရှိသေးပြီး ယခုနှစ်နွေရာသီဘောလုံးသင်တန်း တက်ရောက်ခဲ့တဲ့ အသက်အငယ်ဆုံး ဘောလုံးသမားလေး ဖြစ်ပါတယ် ။
သူဟာ ပြိုင်ဘက်အသင်းက ကစားသမားတွေဖြစ်တဲ့ နံပါတ်-၁၂ နဲ့ ၇ တို့ကို နည်းပြမှာတဲ့အတိုင်း လိုက်ကပ်ရာမှာ အားလုံးက သတိထားမိပြီး ချစ်ခင်အားပေးမှုတွေ ရရှိခဲ့တဲ့ လူငယ်ကစားသမားလေးလည်း ဖြစ်ပါတယ်။


