back

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဘုရားဖူးယာဥ်တစ်စီး အရှိန်လွန်ကာတိုက်မှုဖြစ်၍ တစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ

May 10 • 1:51 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဘုရားဖူးယာဥ်တစ်စီး အရှိန်လွန်ကာတိုက်မှုဖြစ်၍ တစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ

မေလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်အမကကျောင်းရှေ့ မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းမတွင် ဘုရားဖူးယာဥ်တစ်...

မေလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်အမကကျောင်းရှေ့ မော်လမြိုင်-ရန်ကုန်အဝေးပြေးလမ်းမတွင် ဘုရားဖူးယာဥ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးထိုးကျပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။အရှိန်လွန်ကာ လမ်းဘေးသို့ ထိုးဆင်းသွားပြီး အုတ်နံရံတစ်ခုကို ဝင်တိုက်မိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရကာထိခိုက်ဒဏ်ရာရရှိသူများကို ဒေသခံကယ်ဆယ်ရေးအဖွဲ့များမှ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပါတယ်။


news-view-count-icon

17