မေလ(၉)ရက်နေ့ကမြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ အထွေထွေအတွင်းရေးမှူး Mr. Jagannath Chapagain တို့သည် အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Ms.Nadia Khoury ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ များ၊ စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့် အတူ စစ်ကိုင်းမြို့ ဟိန္ဒူဘုရားကျောင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား အစားအစာမဟုတ်သောပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ပြီး နှစ် ၇၀၀ အားကစားကွင်းရှိငလျင်ဘေးသင့်ပြည်သူများယာယီအသုံးပြုနိုင်ရန် ဆောက်လုပ်ပေးထားသော အိမ်သာများကို ကြည့်ရှုခဲ့ပြီး ကျောက်တာကျေးရွာသို့သွားရောက်ကာ အခမဲ့ရွှေ့လျားဆေးကုခန်းဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကိုလည်းကောင်း မင်းလမ်းရပ်ကွက်ရှိ ကလေးပျော်စင်တာ၊ ပိုးတန်းရပ်ကွက်တွင် အစားအစာမဟုတ်သောပစ္စည်းများ ထောက်ပံ့ပေးဝေနေမှုများနှင့် ကမ်းနားလမ်းတွင် သောက်သုံးရေထုတ်လုပ်ပေးဝေနေမှုများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ကူညီဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှစစ်ကိုင်းနှင့် မန္တလေးတွင် ငလျင်ဘေးသင့်ပြည်သူများအား အကူအညီပေးနေမှုများကြည့်ရှုခဲ့
May 10 • 1:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


