back

ရန်ကုန်မြို့တွင် မကြာခဏပြောင်းခိုင်းခြင်းကြောင့် စပေါ်ဖြင့်ငှားရသည့် အခန်းများကို တိုက်ခန်းငှားသူများ ရွေးချယ်လာ

May 09 • 4:30 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် မကြာခဏပြောင်းခိုင်းခြင်းကြောင့် စပေါ်ဖြင့်ငှားရသည့် အခန်းများကို တိုက်ခန်းငှားသူများ ရွေးချယ်လာ

ရန်ကုန်မြို့ အိမ်ငှားဈေးကွက်အတွင်း အိမ်ငှားရမ်းခများ ထပ်ကာထပ်ကာဈေးနှုန်းမြင့်တက်လာခြင်းနှင့် မကြာခဏပြောင်းရွှေ့ခိုင်းခြင်းတို့ကြောင့် တိုက်ခန်းအိမ်ခန်းငှားသူမျာ...

ရန်ကုန်မြို့ အိမ်ငှားဈေးကွက်အတွင်း အိမ်ငှားရမ်းခများ ထပ်ကာထပ်ကာဈေးနှုန်းမြင့်တက်လာခြင်းနှင့် မကြာခဏပြောင်းရွှေ့ခိုင်းခြင်းတို့ကြောင့် တိုက်ခန်းအိမ်ခန်းငှားသူများက စပေါ်ဖြင့်ငှားသည် တိုက်ခန်းများကို ပိုငှားလာကြောင်း သိရသည်။ယခုလို စပေါ်ဖြင့် ငှားရမ်းကြသူများကို တိုက်ခန်းပိုင်ရှင်များမှလည်း လက်ခံလာကြပြီး အဆိုပါ ငှားရမ်း ကြ သူများ ၏ စပေါ်ငွေဖြင့် တခြားစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများလည်း ရှိလာခဲ့ကြောင်း သိ ရသည်။ယခုလို စပေါ်စနစ်ဖြင့် ငှားရမ်းမှုများကြောင့် တိုက်ခန်းငှားခများနှင့် အိမ်ငှားခများမှာ ငွေကျပ် တစ်သိန်း ခွဲမှ နှစ်သိန်းဝန်းကျင်အထိ ဈေးနှုန်းသက်သာလာခဲ့ပြီး ငွေကျပ် လေးသိန်းဝန်းကျင် ပေါက်ဈေးရှိသောတိုက်ခန်း တစ်ခန်းသည် စပေါ်စနစ်ဖြင့်ငှားသည့်အခါ နှစ်သိန်းစွန်းစွန်းသာ ပေးရကြောင်း သိရသည်။



news-view-count-icon

14