ဒါရိုက်တာနဲ့ သရုပ်ဆောင် Andy Serkis ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးသွားမယ့် Lord of the Rings ရုပ်ရှင်သစ်ဖြစ်တဲ့ Lord of the Rings: The Hunt for Gollum ကို "ဒီဇင်ဘာ ၁၇၊ ၂၀၂၇" မှာ ရုံတင်ပြသသွားမှာဖြစ်ကြောင်း Warner Brosက မေလ ၈ ရက်နေ့မှာ ကြေညာအတည်ပြုလာပါတယ်။ Warner Bros ဟာ သရုပ်ဆောင် Souheila Yacoub ရဲ့ Evil Dead ရုပ်ရှင်သစ်ကို ဇူလိုင် ၂၄၊ ၂၀၂၆၊ ဒါရိုက်တာ M Knight Shyamalan ရဲ့ horror ရုပ်ရှင် Remain ကိုလဲ အောက်တိုဘာ ၂၃၊ ၂၀၂၆ မှာ အသီးသီးပြသဖို့ အတည်ပြုထားပါသည်။



