အမေရိကန်နဲ့ ဗြိတိန်အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် ရရှိကြောင်း ကြေညာပြီးနောက် ဝေါစထရိ စတော့အညွှန်းကိန်းတွေ မြင့်တက်လာပါတယ်။ မေလ ၈ ရက်က စလို စတော့အညွှန်းကိန်းတွေ မြင့်တက်လာတာဖြစ်ပြီး အမေရိကန်ရဲ့ အဓိက စတော့အညွှန်းကိန်း ၃ ခုလုံး မြင့်တက်လာတာပါ။ ဒိုဂျုန်း(Dow Jones Industrial Average) စတော့အညွှန်းကိန်းက ၀ ဒသမ ၆၂ ရာခိုင်နှုန်း၊ S&P 500 အညွှန်းကိန်း က ၀ ဒသမ ၅၈ ရာခိုင်နှုန်းနဲ့ နက်စ်ဒက်(Nasdaq) အညွှန်းကိန်းကတော့ ၁ ဒသမ ၀၇ ရာခိုင်နှုန်းအထိ မြင့်တက် လာပါသည်။ စွမ်းအင်ကဏ္ဍမှာ စတော့အညွှန်းကိန်းဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်တဲ့ Nvidia, Intel တိုရဲ့ စတော့တွေလည်း မြင့်တက်လာတယ်လို့ သိရပါသည်။



