ရှမ်းပြည် သိန္နီမြို့ကို တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်လာပြီး စစ်ဘေးရှောင်သွားသည့် နေအိမ်များနှင့် ဆိုင်ခန်းများအား လိုက်လံငှားရမ်းနေ ကြောင်း ဒေသခံများထံမှ သိရသည်။ “အခု တရုတ်ပြည်က တရုတ်တွေအများကြီး ဆင်းလာတယ်။ လူမနေတဲ့ အိမ်တွေ၊ ဆိုင်ခန်းတွေ လိုက်ငှားနေတ။ ကျမတို့တွေ မငှားနိုင်တဲ့ဈေးနဲ့ ငှားနေကြတာပေါ့”ဟု သိန္နီမြို့ဒေသခံတစ်ဦးက ပြောသည်။ သို့သော် လူသူနေအိမ်သည့် အိမ်နှင့် ဆိုင်ခန်းများကို တရုတ်နိုင်ငံသား စီးပွားရေးသမားများက ဈေးကြီးပေးကာ ငှားရမ်းနေလျက်ရှိကြောင်း သိန္နီမြို့ဒေသခံတစ်ဦးက ပြောသည်။



