ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရွာက ရေမဆေးသမားများ ရေမဆေးကျောက်ရှာပြီး ကျပ်သိန်း ၁၀၀ နီးပါးလှူဒါန်းနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။“စစ်ကိုင်းငလျင်ဘေး ဒဏ်ထိတဲ့ ပြည်သူတွေအတွက် အကူအညီပေးချင်တာကြောင့် သူတို့ ရေမဆေးသူငယ်ချင်းတွေစုပြီး တစ်ပတ်မှာ တစ်ရက် လူစုပြီးရေမဆေးရှာမယ်။အဲဒီနေ့ ကျောက်ရခဲ့ရင် ကျောက်ရခဲ့သူကပဲ ၃ ပုံ ၁ ယူပြီး ကျန်တဲ့ငွေကို ငလျင်ဘေးအတွက် အလှူထည့်ကြတာ”လို့ဆိုပါတယ်။



