အမေရိကန်အခြေစိုက် ခရစ်ယာန် လူသားချင်းစာနာထောက်ထားမှုအဖွဲ့တစ်ခုဖြစ်သည့် Samaritan’s Purse International Relief ဆေးအဖွဲ့မှာ ဆေးကုသမှုရပ်နားကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အမေရိကန်ဆေးအဖွဲ့အနေဖြင့် ပြန်လည်မထွက်ခွာမီ ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးကုသမှုဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ထို့ပြင် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု ၅,၀၀၀ အတွက် ဆိုလာမီး၊ ရေသန့်စက်၊ အိမ်ထောင်စုသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။



