back

အစ်ဝစ်ချ်အသင်း တိုက်စစ်မှူး ဒီလပ်အား အာဆင်နယ်အသင်း ကမ်းလှမ်းတော့မည်ဟု သတင်းများထွက်ပေါ်

May 09 • 12:24 PM

breaking-news

မြန်မာ

ပြည်ပ

cover

အစ်ဝစ်ချ်အသင်း တိုက်စစ်မှူး ဒီလပ်အား အာဆင်နယ်အသင်း ကမ်းလှမ်းတော့မည်ဟု သတင်းများထွက်ပေါ်

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့သည့် အစ်ဝစ်ချ်အသင်း၏ တိုက်စစ်မှူး ဒီလပ်အား ခေါ်ယူရန် ကမ်းလှမ်းတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ဒီလ...

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့သည့် အစ်ဝစ်ချ်အသင်း၏ တိုက်စစ်မှူး ဒီလပ်အား ခေါ်ယူရန် ကမ်းလှမ်းတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ဒီလပ်သည် မန်စီးတီးအသင်း လူငယ်စီမံကိန်းမှ ကိုးလ်ပါလ်မာနှင့်အတူ ထွက်ပေါ်လာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီအစကမှ အစ်ဝစ်ချ်အသင်းထံသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။ သူသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အစ်ဝစ်ချ်ကို တန်းမဆင်းရအောင် မကူညီနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၂) ဂိုးအထိ ရရှိခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့သည်။



news-view-count-icon

11