ထိုင်းတော်ဝင်ဂေဇက်သည် မေလ ၉ ရက်နေ့ ဗုဒ္ဓဘာသာ အားလပ်ရက်များတွင် အရက်နှင့် ဘီယာ ရောင်းချရန် ခွင့်ပြုချက်အသစ်ကို ထုတ်ပြန်ခဲ့ပြီး ခွင့်ပြုနိုင်သော အခြေအနေ ၅ ခုကို ဖော်ပြထားသည်။
(၁) အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ခရီးသည်ဝန်ဆောင်မှု အဆောက်အအုံများအတွင်း ရောင်းချခြင်း။
(၂) ဖျော်ဖြေရေးကွင်းများ ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသည့် ဖျော်ဖြေရေးနေရာများတွင် ရောင်းချခြင်း၊
(၃) ပြည်သူ့ကျန်းမာရေး ဝန်ကြီးက သတ်မှတ်သည့် ခရီးသွားနေရာများ သို့မဟုတ် ဇုန်များ နှင့် ဆင်တူသည့် ဖျော်ဖြေရေး စင်တာများ တွင် ရောင်းချခြင်း ၊
(၄) ဟိုတယ်ဥပဒေအရ သတ်မှတ်ထားသည့် ဟိုတယ်များတွင် ရောင်းချခြင်း၊
(၅) ပြည်သူ့ကျန်းမာရေး ၀န်ကြီးမှ သတ်မှတ်သည့် နေရာများစာရင်းအရ နိုင်ငံတွင်း သိုမဟုတ် နိုင်ငံတကာ အထူးပွဲများ ကျင်းပရန် အသုံးပြုသည့် နေရာများတွင် ရောင်းချခြင်း တို့ဖြစ်သည်။



