back

ပြည်ထောင်စုဝန်ကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေပေးအပ်

May 09 • 12:04 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ထောင်စုဝန်ကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေပေးအပ်

၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့န...

၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများအနက် နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

news-view-count-icon

18