back

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး

May 09 • 12:01 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတ...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မွန်းလွဲပိုင်းတွင် မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းနှင့် အောင်မြေသာဇံမြို့နယ် အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ အခြေခံပညာ ဆရာ ဆရာမများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။


news-view-count-icon

12